တီထွင်ကြံဆနိုင်ခြင်းအားဖြင့် ရှေ့သို့တိုး၍ တက်လှမ်းနိုင်စေရန်နှင့် ကိုယ်ပိုင်ဉာဏ်ကို အသုံးပြု၍ School Project များလုပ်ဆောင်ကြရသောကျောင်း

မိမိကိုယ်ကို ယုံကြည်မှုရှိစေရန်ပျိုးထောင်ပေးပါသည်

ပညာရေးသမိုင်းနှင့် Brown Academy

About Brown Academy

ပညာရေးသမိုင်းနှင့် ကိုယ်ပိုင်ကျောင်းအကြောင်း မြန်မာနိုင်ငံလွတ်လပ်ရေးရချိန်မှ ၁၉၆၄ခုနှစ်အထိ အခြေခံပညာရေးလောကတွင် အစိုးရပိုင်ကျောင်းများ၊ ခရစ်ယာန် သာသနာပိုင်ကျောင်းများ၊ ပုဂ္ဂလိကကျောင်းများဟူ၍ တည်ရှိခဲ့ပေသည်။ ၁၉၆၄ ခုနှစ် အာဏာရတော်လှန်ရေးအစိုးရက မြန်မာ့ဆိုရှယ်လစ်နိုင်ငံ တည်ထောင်ဖွင့်လှစ်သင်ကြားပေးရမည်ဟု ဥပဒေပြောင်းလဲခဲ့ခြင်းကြောင့် ထိုအချိန်မှစ၍၂၀၁၀ခုနှစ် ဒီမိုကရေစီအစိုးရ လက်ထက်အထိ အစိုးရပိုင် ကျောင်း များသာရှိခဲ့ပေသည်။ ၂၀၁၂ခုနှစ်တွင် နိုင်ငံ၏အုပ်ချုပ်ရေးကို တာ၀န်ယူထားသော အရွေးချယ်ခံ ဒီမိုကရေစီ အစိုးရက အခြေခံပညာရေး လောကတွင် အရည်အချင်း ပြည့်၀သော အဖွဲ့အစည်းများကို ကိုယ်ပိုင်ကျောင်း ဖွင့်လှစ် ခွင့်ပြုသည်ဟု ဥပဒေအသစ်ကို ထုတ် ပြန် ခဲ့သည်။

ပညာရေးသမိုင်းနှင့် ဖြစ်စဉ်ကို အမြဲလေ့လာလျက်ရှိသော Brown Academy ကျောင်း တည်ထောင်သူတို့သည် အခြေခံပညာ သင်ရိုးကို အသုံးပြုသော ကိုယ်ပိုင်ကျောင်းကောင်းတစ်ခု လိုအပ်လာပြီ ဖြစ်ကြောင်း သတိပြုမိခဲ့သည်။ ဤကျောင်းတွင် မြန်မာ့သမိုင်း၊ ရာဇ၀င် ဘာသာရပ်တို့ကို စိတ်ပါ၀င်စားအောင် သင်ကြားပေးခြင်းဖြင့် ကျောင်းသားများ ငယ်စဉ်ကစ၍ မြန်မာ့ယဉ်ကျေးမှုကို အလေးထား လိုက်နာပြီး မျိုးချစ်စိတ် ရှင်သန်လာမည်၊ Special English ဘာသာရပ်ကို ထပ်ဆောင်း သင်ကြား ပေးခြင်းဖြင့် International Curriculum ဖြင့် သင်ကြားသော ကျောင်းများနီးနီး အင်္ဂလိပ်ဘာသာရပ်ကို ကျွမ်းကျင်သော ကျောင်းသားများ ဖြစ်လာမည်ကို မျှော်မြင်တွေးဆ မိသောကြောင့် ဆရာကောင်းများ စုစည်း၍ ကျောင်းသားတစ်ဦးစီကို အာရုံစိုက် သင်ကြားပေးသော နောင်တွင် Brown Academy အမည်ဖြင့် တည်ရှိလာမည့် ကျောင်းကောင်းတစ်ခုကို တည်ထောင်ရန် ပြင်ဆင်ခဲ့သည်။

Brown Academy ကျောင်းတွင် Special English ဘာသာရပ်ဖြင့် ကျောင်းသားများ လေးနက်စွာဆန်းစစ် ဝေဖန်နိုင်စွမ်း (Critical Thinking Skill) ၊ ကျိုးကြောင်းဆက်စပ် ဆင်ခြင်နိုင်စွမ်း (Reasoning Power) ၊ တီထွင် ဖန်တီးနိုင်စွမ်း (Creativity) အရည်အချင်းများ ရရှိအောင် သင်ကြားပေးရန် ပြင်ဆင်ခဲ့သည်။ ပြင်ဆင်မှုများ အောင်မြင်သောကြောင့် ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ပြီး၊ လိမ္မာယဉ်ကျေးသော လူတော်လူကောင်းများ ဖြစ်လာစေရန်ကို ဦးတည်၍ Brown Academy ကျောင်းကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သော Brown Academy ကိုယ်ပိုင် မူလတန်းကျောင်းသည် ၂၀၁၄ ခုနှစ်တွင် Brown Academy အလယ်တန်းကျောင်း ဖြစ်လာပြီး ၂၀၁၇ ခုနှစ်တွင် အထက်တန်းကျောင်းကြီး ဖြစ်လာသည်။ ၂၀၁၈-၂၀၁၉ ခုနှစ်မှစ၍ အခြေခံပညာ အထက်တန်းကျောင်း ဒသမတန်း စာမေးပွဲကို Brown Academy ကျောင်းမှ ကျောင်းသားများ စတင်၀င်ရောက် ဖြေဆိုခဲ့သည်။ ထိုနှစ်မှစ၍ အခြေခံပညာပြီးဆုံး အောင်မြင်သော ကျောင်းသားကောင်းများ နှစ်စဉ် ပေါ်ထွက်လာခဲ့သည်။

>