တီထွင်ကြံဆနိုင်ခြင်းအားဖြင့် ရှေ့သို့တိုး၍ တက်လှမ်းနိုင်စေရန်နှင့် ကိုယ်ပိုင်ဉာဏ်ကို အသုံးပြု၍ School Project များလုပ်ဆောင်ကြရသောကျောင်း

မိမိကိုယ်ကို ယုံကြည်မှုရှိစေရန်ပျိုးထောင်ပေးပါသည်

Message from Chairman

About Brown Academy

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် တိုက်ပွဲ၀င်ခဲ့ကြသည့် ခေါင်းဆောင်ကြီးများအား အခြေခံပညာအတန်းများ တက်ရောက်သင်ကြားခဲ့ကြရသော နှစ်များအားအစပြု၍တိုင်းပြည်၏အခြေခံပညာသင်ရိုးကို လေ့လာလျှင် ခိုင်မာ၊ထိရောက် ကောင်းမွန်သော သင်ရိုးဖြစ်ခဲ့ကြောင်းကို လေ့လာတွေ့ရှိနိုင်ပေသည်။

လွတ်လပ်ရေးရရှိပြီးသည့်နောက် မိမိနိုင်ငံ၏ အနာဂတ်ရေးကို မျှော်မှန်းပြင်ဆင်ကြသည့်အချိန်ကစ၍တာ၀န်ယူဉီးဆောင်ခဲ့ကြသော ခေါင်းဆောင်များသည် အခြေခံပညာ၏ သင်ရိုးကို ကမ္ဘာနှင့်ညှိ၍ ခေတ်အခါနှင့် လိုက်လျော ညီစွာ ပြောင်းလဲမှု အမျိုးမျိုး လုပ်ဆောင်ကြရပါသည်။ အခြေခံပညာ သင်ရိုးသည် အနာဂတ် ခေါင်းဆောင် ကောင်းများ ထွက်ပေါ်ရေး အတွက် အလွန်အရေး ပါခြင်းကို အမြဲသတိ ပြုခဲ့ကြရာ၊ မိမိတိုင်းပြည်နှင့် ကိုက်ညီသည့် ခိုင်မာကောင်းမွန် သောသင်ရိုးကိုသာ ပြောင်းလဲပို့ချ ပေးခဲ့သည့် အတွက် မြန်မာနိုင်ငံ၏ အခြေခံ သင်ရိုးသည် အစဉ်အမြဲ ထိရောက် ကောင်းမွန်ခဲ့ပေသည်။

ယနေ့အခြေခံသင်ရိုးအသစ်ကို ပြောင်းလဲပို့ချလျက်ရှိနေပါပြီ။ ဤ(၁၂)တန်းသင်ရိုးအရ အခြေခံပညာပြီးဆုံးအောင်မြင်သူများသည် ယခင် ၁၀တန်း (သင်ရိုး)နှင့် နှိုင်းယှဉ်လျှင်အသက်အားဖြင့် ၂နှစ်ကြီးသွားကြမည်။ (၂)နှစ်အချိန်ပိုမိုရရှိသည့်အတွက် တိုးတက်နေသောနိုင်ငံကြီးများရှိအခြေခံပညာကျောင်းသားများနည်းတူ ကျယ်ပြန့်စွာ လေ့လာခွင့်ရရှိ၍ကျယ်ပြန့်စွာတွေးခေါ်လာနိုင်ပေမည်။ မှန်ကန်သောဆုံးဖြတ်ချက်များချလာနိုင်မည်ဖြစ်ပေသည်။

ဤကဲ့သို့ကျောင်းသားများ အရည်အချင်းပိုမိုဖွံ့ဖြိုးလာစေရန်အတွက် ဆရာကောင်းများလိုအပ်လာပြန်သည်။ Brown Academy သည် ကျောင်းစဖွင့်သည့်အချိန်မှစ၍ ဆရာများအတွက် အထောက်အကူပြုသင်တန်းများကို စဉ်ဆက်မပြတ် ပို့ချပေးခဲ့သည်။

ယခု ပြောင်းလဲလာသော သင်ရိုးအတွက် လည်း ဆက်လက်၍ ဆရာအထောက်အကူ ပြုသင်တန်းများကို ပို့ချ၍ ကောင်းသည် ထက်ကောင်းသော ကျောင်းသားများ၊ တော်သည်ထက် တော်သော ကျောင်းသားများ ထွက်ပေါ်လာအောင် ပြုစုသင်ကြား ပို့ချပေးမည်ဟု ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြသည့် အတိုင်း လက်တွေ့ တွင်လည်း အကောင်အထည် ဖော်လုပ်ဆောင် လျက်ရှိပေသည်။

မည်သည့် အခြေအနေတွင်မဆို ကျောင်းသားများ စာတတ်မြောက်ရေး၊ လူတော်လူကောင်းလေးများ ဖြစ်လာစေရေးသည်သာ အဓိကဖြစ်ခြင်းကြောင့် ယခုCovid19 ကာလတွင်လည်း အဖြစ်နိုင်ဆုံးသော နည်းလမ်းများကို ရှာဖွေကြံဆ၍ ကျောင်းသားတိုင်းကို စာတတ်မြောက်အောင် သင်ကြားပို့ချ ပြုစုပေးလျက်ရှိကြောင်း ‌‌ဝေမျှအပ်ပါသည်။

Vision (မျှော်မှန်းချက်)

ပညာရေးအတွက် ရင်းနှီးမြုပ်နှံမှုအားကြီးသော နိုင်ငံကြီးများရှိ အခြေခံပညာကျောင်းသားများ၏ အရည်အချင်းကိုယှဉ်နိုင်သောကျောင်းကောင်းများ ပေါ်ထွက်လာစေရန်။

Mission (ရည်ရွယ်ချက်)

အခြေခံပညာသင် ကဏ္ဍတွင် နိုင်ငံတော်၏ မူလမျှော်မှန်းချက်စံချိန်ပြည့်မှီသည့် အရည်အချင်းရှိ ကျောင်းသားများထွက်ပေါ်လာရေးအတွက်

  • သင်ကြားပို့ချသော နည်းစနစ်ကို ခေတ်နှင့်ကိုက်ညီအောင် လိုအပ်သလို မွမ်းမံပြင်ဆင်၍ သင်ကြားပို့ချရန်။
  • ကျောင်းရှိဆရာမများ၏အရည်အချင်းမြှင့်တင်ရေးစီမံကိန်းကို ရေးဆွဲ၍ဆရာအရည်အချင်း စဉ်ဆက်မပြတ်မြှင့်တင်ရေးဆောင်ရွက်ရန်။
>